အမျိူးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်

Listing Description

အမျိူးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သည် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အဆင့်မြင့်ပညာကဏ္ဍဆိုင်ရာ ဒီဂရီကောလိပ်တစ်ခုဖြစ်ပြီး  ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် (၂၇၃/ ၂၇၉)တွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ ၃.၀၇၈ ဧက ဖြစ်ပါသည်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မတိုင်မီ ၁၉၄၈ ခုနှစ်တွင် သက်ကြီးတက္ကသိုလ် အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် လုပ်သားများကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် ဒေသကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် (NMC) အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) အဖြစ်လည်းကောင်း ဖွင့်လှစ်ခဲ့ပါသည်။ အမျိူးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်မှ ပို့ချလျက်ရှိသော အထူးပြုဘာသာရပ် (၄)ခုရှိပါသည်။ ၎င်းတို့မှာ စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဘာသာရပ် (BBM) ၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာဘာသာရပ် (EPP) ၊ ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဘာသာရပ် (BTHM) နှင့် သတင်းအတတ်ပညာဘာသာရပ် (Journalism) တို့ဖြစ်ပါသည်။