အင်္ဂလုံးဆံတော်ကြိုဘုရား

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ စစ်ပင်ကုန်းဆံတော်ကြိုဘုရားမြောက်ဘက် ၆ မိုင်ခန့်အကွာ အင်္ဂလုံးရွာတွင် တည်ရှိသည်။ တဖုဿနှင့် ဘလ္လိကညီနောင်တို့ ပင့်ဆောင်ခဲ့သော ရွှေတိဂုံစေတီတော်တွင် တည်ထားကိုးကွယ်မည့် ဆံတော် ၈ ဆူကို ဒလတောကြီးတန်း (ယခု ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ တွံတေးမြို့နယ်) တစ်လျှောက် ပင့်ဆောင်ခဲ့စဉ်က ရပ်နားရာနေရာများ၌ တည်ထားကိုးကွယ်ခဲ့သော ဆံတော်ကြိုစေတီ ၉ ဆူရှိခဲ့ရာ အင်္ဂလုံးဆံတော်ကြိုစေတီသည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။ စေတီတော်ဘွဲ့အမည်မှာ “ကျိုက္ကအံ့ခလွန်း” ဖြစ်ပြီး “အင်္ဂလုံးဆံတော်ကြိုဘုရား” အဖြစ် လူသိများသည်။ မြန်မာဘာသာဖြင့် စမ်းချောင်းဘုရား ဟုအဓိပ္ပာယ်ရပြီး ယခုတိုင် စေတီတော်အနီး၌ စမ်းချောင်းလေးရှိသည်။ စေတီတော်သည် ဖိနပ်တော် အတောင် ၆၀ ခန့်ရှိသည်။