ရွှေအိမ်စည်

Listing Description

၁၉၉၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်၌ မွေးဖွားခဲ့သည်။ အသက် ၁၂ နှစ်အရွယ်တွင် လန်ဒန် သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ Epsom and Ewell High School နှင့် Rosebery school တို့တွင် တက်ရောက်ပညာသင်ကြားခဲ့သည် ။

၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော Miss World Myanmar 2016 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးTop 5 စာရင်းဝင်ခဲ့သည်။

၂၀၁၇ ခုနစ်တွင် Miss Universe Myanmar 2017 ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး 1st runner-up အဖြစ် Miss Beautiful Hair, Best National Costumes Award နှင့် Miss Body Perfect Award ဆုများရရှိခဲ့သည်။

၂၀၁၈ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့သော Miss Golden Land Myanmar အလှမယ်ပြိုင်ပွဲတွင် Miss Supranational Myanmar 2018 သရဖူကို ဆွတ်ခူးရရှိခဲ့သည်။

ပိုလန်နိုင်ငံ ၊ Krynica-Zdrój တွင် ကျင်းပခဲ့သော Miss Supranational 2018 ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 21 စာရင်းဝင်ခဲ့သည်။

၂၀၁၇ ခုနှစ်မှစ၍ သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ခဲ့ပြီး “ကြိုးဖုန်း” ဇာတ်ကားတွင် ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင် ၊ ရဲနောင်၊ အောင်ရဲထွေး တို့နှင့်အတူ ပွဲဦးထွက် သရုပ်ဆောင် ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးသော “The Naked Ghost” ဇာတ်ကားတွင် အဓိကဇာတ်ဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်တွင်ပင် ရန်အောင် ၊ လူမင်း၊ မင်းမော်ကွန်း ၊ ရဲရင့်အောင်၊ ထူးအောင်၊ အိန္ဒြာကျော်ဇင် တို့နှင့်အတူ “ဂျင်ပါတီ” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်နှင့်ဗီဒီယိုများ

ကြိုးဖုန်း

The Naked Ghost

ဂျင်ပါတီ

လူကြီးလူကောင်း

Three

မာယာရထားမောင်းတဲ့မိန်းမ