မဟာလောကရန်နှိမ်အောင်တော်မူစေတီတော်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အကွက် (၈၀၃)၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြား၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားတွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် သီပေါမင်းတရားကြီး တည်ထားခဲ့သည့် ရှေးဟောင်းစေတီတော်မြတ်ကြီးတစ်ဆူဖြစ်ပါသည်။ ဉာဏ်တော်ခုနစ်တောင်သာမြင့်ပြီး တိုင်တားမြို့စားဝန်ကြီးက ခုနစ်ရက်နှင့်အပြီး တည်ဆောက်ခဲ့သည်။ အဆိုပါအောင်တော်မူဘုရား၏ အရှေ့ ဘက်တွင် ဂြိုဟ်ပြေနံပြေဘုရား၊ ဗောဓိပင်၊ တောင်ဘက်တွင် ဗျာဒိတ်ပေးရုပ်ပွားတော်၊ ယိုးဒယား ကြေးဆင်းတုတော်၊ မြောက်ဘက်တွင် ရှင်ဥပဂုတ္တကိုယ်တော်နှင့်အတူ တိုးချဲ့လှူဒါန်းထားသော ရုပ်ပွားတော်များစွာကို ဖူးမြော်နိုင်သည်။ ဘုရားဖူးလာသူတိုင်း မျက်နှာသစ်တော်ရေအတွက် စုပေါင်းနံ့သာသွေး ကုသိုလ်ပြုသည့်အလေ့အထရှိသည့်စေတီတစ်ဆူအဖြစ် ထင်ရှားကြောင်းသိရသည်။