ဆရာသခင်ရာမကျောင်းတော်

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ယိုးဒယားကုန်းရပ်တွင် တည်ရှိပါသည်။ အလောင်းမင်းတရားကြီးသည် အယုဒ္ဓယပြည်သို့ စစ်တိုက်ပြီး အောင်မြင်မှုရသောခါ တပါတည်းခေါ်ဆောင်လာသော ယိုးဒယားစစ်သုံ့ပန်းများကို ဤနေရာတွင်နေရာချထား နေစေခဲ့ပါသည်။ ရာမ၊ လက္ခဏ၊ သီတာဒေဝီ၊ ဆရာရသေ့ တို့၏ ရုပ်တုများကိုလည်း ဤနေရာတွင်ကျောင်းဆောင်ဖြင့် ကိုးကွယ်ပူဇော်ခဲ့ကြရာမှ ယိုးဒယားကုန်းဟု အမည်တွင်ခဲ့ကြောင်း ကျောက်စာတွင် ရေးထိုးထားပါသည်။