ဦးသောင်းထွဋ် (၁၉၂၈-၂၀၁၁)

Listing Description

ဦးသောင်းထွဋ်ကို ရှေ့နေ ဦးကျော်ဖေ၊ ဒေါ်သန်းခင်တို့က ၁၉၂၈ ခုနှစ်၊ မေလ ၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၈ ဦးရှိသည့်အနက် ဦးသောင်းထွဋ်မှာ ဆဋ္ဌမမြောက်သားဖြစ်သည်။ ၁၉၄၆ ခုနှစ်တွင် မြန်အောင် A.V.Govt.High School မှ အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့ရရှိခဲ့သည်။ အထူးပြုဘာသာများမှာ ဘောဂဗေဒ၊ သမိုင်းနှင့် အင်္ဂလိပ်စာတို့ဖြစ်သည်။ ၁၉၅၆ ခုနှစ်တွင် B.Ed ဘွဲ့ကို ပညာရေးလမ်းညွှန်ဘာသာရပ်ဖြင့် အောင်မြင်ရရှိခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားတက္ကသိုလ်မှ မဟာပညာရေးသိပ္ပံဘွဲ့ (M.S.in Education)ရရှိခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် မြန်အောင်မြို့အစိုးရ အထက်တန်းကျောင်း၌ အထက်တန်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၆ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ မြန်အောင်မြို့ နိုင်ငံတော်အထက်တန်း ကျောင်းတွင် ကျောင်းအုပ်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ရန်ကုန်မြို့ ကန်တော်ကလေး ကျောင်းတွင် ကျောင်းအုပ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ ပညာမင်းကြီး ရုံး၌ လက်ထောက်သုတေသနအရာရှိအဖြစ်လည်း ကောင်း၊ ၁၉၆၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ ပညာရေး ဝန်ကြီးရုံးတွင် အတွင်းဝန်ကလေးအဖြစ်လည်းကောင်း၊ ၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ပညာရေးသုတေသန ဗျူရို (ယခုမြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ဦးစီး ဌာန) တွင် သုတေသနအရာရှိအဖြစ်လည်းကောင်း၊ ၁၉၆၈ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ပညာညွှန်ကြားရေး ဝန်ရုံးတွင် လက်ထောက်ညွှန်ကြားရေးဝန်အဖြစ် လည်းကောင်း၊ ၁၉၇၇ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ အခြေခံ ပညာဦးစီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ်လည်း ကောင်း၊ ၁၉၇၈ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ပညာရေး တက္ကသိုလ် (ရန်ကုန်)တွင် ပါမောက္ခချုပ်အဖြစ်လည်း ကောင်း၊ ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ပညာရေး ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ နှင်းဆီကုန်းဘိုးဘွား ရိပ်သာတွင် ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ နာယကအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် (သောင်းထွဋ်၊ရန်ကုန် တက္ကသိုလ်) ကလောင်အမည်ဖြင့် 'မျက်မှောက်သတင်း စာတွေ ဖတ်ရတာ' ဟူသောဆောင်းပါးဖြင့် စာပေနယ် ထဲသို့စတင်ဝင်ရောက်ခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ်အထိ ဂျာနယ်ကျော်၏ရန်ကုန်တက္ကသိုလ် သတင်းထောက်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှ ၁၉၅၆ ခုနှစ်ကာလများအတွင်း သတင်းစာများနှင့် မဂ္ဂဇင်းအချို့တို့တွင် ပညာရေးဆောင်းပါးများရေးသား ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မှစ၍ ပညာတန်ဆောင်၏ ပင်တိုင်ဆောင်းပါးရှင်ဖြစ်ခဲ့သည်။ ၁၉၆၄-၆၅ ခုနှစ် တွင် တေဇစာစောင်နှင့် ဒို့ကျောင်းသားစာစောင်တို့တွင် စာတည်းအဖွဲ့ဝင်အဖြစ်နှင့် ပြည်မြန်မာစာစောင်၏ တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ပညာ လောကစာစောင်တွင်လည်း ၁၉၇၀ ပြည့်နှစ်မှ ၁၉၈၅ ခုနှစ်အထိ စာတည်းအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ် စာပေလုပ်သားအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကိုလည်း သက်တမ်းနှစ်ကြိမ်အထိ ထမ်းဆောင်ခဲ့သည်။ ဆရာ ဦးသောင်းထွဋ်၏ ထုတေ်ဝခဲ့ပြီးသော လုံးချင်းစာအုပ် Literacy Movement in the Socialist Republic of the Union of Burma, UNESCO Regional Office,Bangkok-1978, Burmese Way to Literacy, UNESCO Paris-1984, မြန်မာ့ပညာရေးရှုခင်း (၂၀၀၀ ပြည့်နှစ် ပညာတန်ဆောင်အထူးထုတ် )၊ Getting To Know Pyinnya Tazaung-2004 တို့ဖြစ်သည်။ ထို့အပြင် ဆရာဦးသောင်းထွဋ်သည် ဆောင်းပါးများနှင့် စာတမ်း ပေါင်း ၃၀၀ ခန့် ရေးသားခဲ့ပြီးဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် မြန်မာ့ပညာရေးရှုခင်းစာအုပ်ဖြင့် အမျိုးသားစာပေဆု (သုတပဒေသာ-ဝိဇ္ဇာ) ကို ဆွတ်ခူးရရှိခဲ့သည်။ ၎င်း၏ ကလောင်အမည်များမှာ ဦးသောင်းထွဋ်၊ ဦးစေတနာ၊ ဦးပညာ၊ ထိပ်တန်းမောင်၊ တက္ကသိုလ် ရောင်နီ၊ သောင်းထွဋ်နှင့် အငြိမ်းစားအင်္ဂလိပ်စာဆရာ တို့ဖြစ်သည်။ ပညာတန်ဆောင် တွင်လည်း အုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ၁၉၇၂ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ လည်းကောင်း၊ ၁၉၉၂ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ၁၉၈၂ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိနှင့် ၁၉၉၉ ခုနှစ်မှ ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။ ဆရာ ဦးသောင်းထွဋ်သည် ၂၀၀၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များ ရွေးချယ်ရေးအစီအစဉ်တွင် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးအဖြစ် ဂုဏ်ပြုခံခဲ့ရသည်။ ဇနီး ဒေါ်ညွန့်ညွန့်နှင့် ၁၉၅၈ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီးထွန်းကားခြင်းမရှိပေ။ ဆရာ ဦးသောင်းထွဋ်သည် အသက် ၈၄ နှစ်အရွယ် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် ရွှေဂုံတိုင်အထူးကု ဆေးရုံကြီး၌ ကွယ်လွန်သည်။