ရန်ကုန်အဝေးသင်တက္ကသိုလ်

Listing Description

ရန်ကုန်အဝေးသင်တက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံတွင် အဝေးသင်ပညာသင်ကြားရေးစနစ်ကို ၁၉၇၃ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပညာရေးဒီပလိုမာသင်တန်းကို စာပေးစာယူသင်တန်းအနေဖြင့် စတင်သင်ကြားခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ပညာရေးဘွဲ့(B.Ed)ကို စာပေးစာယူသင်တန်းမှ ပေးအပ်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာသိပ္ပံ၊ စီးပွားရေးနှင့် ဥပဒေဆိုင်ရာ အဝေးသင်ဘွဲ့များကိုလည်း သင်ကြားပေးခဲ့ပြီး မန္တလေးတက္ကသိုလ်မှ စာပေးစာယူသင်တန်းများကို ၁၉၇၉ ခုနှစ်တွင် စတင်ခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များ အားလုံးမှ စာပေးစာယူ အဝေးသင် သင်တန်းများ စတင်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဇူလိုင်လတွင် အောက်မြန်မာပြည်အတွက် အဝေးသင်တက္ကသိုလ်(ရန်ကုန်) နှင့် ၁၉၉၈ ခုနှစ်တွင် အထက်မြန်မာပြည်အတွက် အဝေးသင်တက္ကသိုလ်(မန္တလေး)ဟူ၍ ဖွင့်လှစ်ခဲ့ပါသည်။