၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဇေယျာသီရိမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

Listing Description

နေပြည်တော် နိုဝင်ဘာ ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူ များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုကာကွယ်ရေး နည်းလမ်းများနှင့် အညီ (ယာပုံ) ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ယနေ့နံနက် ၆ နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ မဲရုံများတွင် ဆန္ဒမဲပေးဆောင်ရွက် ကြသည်။

မဲရုံဝန်ထမ်းများက ကူညီ

မဲဆန္ဒရှင်ပြည်သူများ မဲရုံသို့ လာရောက်ချိန်တွင် နှာခေါင်းစည်းများ ဝေငှခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေရာချထားပေး ခြင်း စသည့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ ဖြစ်စေရန်နှင့် လွတ်လပ် စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများက ကူညီဆောင်ရွက် ပေးကြသည်။

ဆန္ဒမဲပေး

ဇေယျာသီရိမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၈ ခုတို့ရှိ မဲရုံ ၇၄ ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၂၂၁၄ ရှိပြီး နိုဝင်ဘာ ၇ ရက် ညနေပိုင်းအထိ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ၊ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးသူ များနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် သူများ၏ စုစုပေါင်း ကြိုတင်မဲ ၁၅၄၅၁ မဲပေးပြီးဖြစ်သည့်အတွက် ကျန်ရှိသည့် မဲဆန္ဒရှင် ၆၆၀၀၀ ကျော်တို့က ယနေ့တွင် ဆန္ဒမဲပေးကြကြောင်း သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)

ဓာတ်ပုံ- သီဟစည်သူ