သက်တော်ရှည်ဘုရား

Listing Description

သက်တော်ရှည်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ၊ အာနန္ဒာဘုရား၏မြောက်ဘက်ရှိ မင်းအိုချမ်းသာဘုရားအနီး တည်ရှိပါသည်။ သီဟိုဠ်ပုံစံ အရှေ့လှည့်စေတီအမျိုးအစားဖြစ်ပြီး ကျန်စစ်သားမင်းမှ သက်တော်ရှည်လိုသော ဆန္ဒဖြင့် သက်တော်ရှည်ဘုရားကို အဓိဋ္ဌာန်နှင့် တည်ထားခဲ့သည်ဟု ဆိုပါသည်။ သက်တော်ရှည်ဘုရား၏ အတွင်းဝ၌ ၁၃ ရာစု ကျောက်ရုပ်ပွားဆင်းတုတော်တစ်ဆူနှင့် နှောင်းခေတ် ရုပ်ပွားဆင်းတုတော် တစ်ဆူရှိပါသည်။ ပုဂံမြို့ဟောင်းရှိ ကန်တော့ပလ္လင်ဘုရား၏အနောက်ဘက်၊ ပုဂံဟိုတယ်ဝင်းအတွင်း အနောက်တောင်ထောင့် မြစ်ကမ်းနဖူးတွင်လည်း သက်တော်ရှည် ဘွဲ့အမည်ရှိ အရှေ့လှည့် တစ်ထပ်ဂူဘုရားတစ်ဆူ ရှိပါသည်။