မဟာမိတ်စစ်သင်္ချိုင်း (သံဖြူဇရပ်)

Listing Description

သံဖြူဇရပ်မြို့ရှိ မဟာမိတ်စစ်သင်္ချိုင်းသည် ပြည်ပခရီးသွားများ အများဆုံးလာရောက်ကြသည့် ခရီးသွားနယ်မြေတစ်ခု အဖြစ်ထင်ရှားပြီး အထိမ်းအမှတ် အုတ်ဂူငယ် ၃၇၇၁ ခုရှိသည်။ သံဖြူဇရပ်စစ်သင်္ချိုင်းသည် ၂၅ ဧကကျော်ကျယ်ဝန်းပြီး ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်းသာမက သေမင်းတမန်ရထား လမ်းဟု ထင်ရှားခဲ့သည့် မြန်မာ-ထိုင်း မီးရထားလမ်းဖောက်လုပ်ရေးတွင် သေဆုံးခဲ့သည့် မဟာမိတ်စစ်သုံ့ပန်းများ၏ အထိမ်းအမှတ်အုတ်ဂူများ ထားရှိသည်။ မဟာမိတ်စစ်သည် ၃၁၄၉ ဦးနှင့် ဒတ်ချ်စစ်သည် ၆၂၁ ဦးတို့၏ အထိမ်းအမှတ်ဂူများတည်ရှိသည်။  မြန်မာနိုင်ငံတွင် ဟံသာဝတီစစ်သင်္ချိုင်းထောက်ကြန့်စစ်သင်္ချိုင်းနှင့် သံဖြူဇရပ်စစ်သင်္ချိုင်းဟူ၍ စစ်သင်္ချိုင်းသုံးခုရှိပြီး ယခု သံဖြူဇရပ်စစ်သင်္ချိုင်းကို ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင်ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံ ဆာဟူးဘရန့်တို့က ဖွင့်လှစ်ပေးခဲ့သည်။