စက်စဲကမ်းခြေ

Listing Description

စက်စဲကမ်းခြေသည် မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ တည်ရှိပြီး ကပ္ပလီပင်လယ်၊ မုတ္တမပင်လယ်ကွေ့ရှိ ကမ်းခြေအပန်းဖြေစခန်းတစ်ခုဖြစ်သည်။ သံဖြူဇရပ်မြို့မှ ၆ မိုင်ခန့် ကွာဝေးသည်။ ကမ်းခြေသည် အညိုရောင်သဲများဖြင့် ဖွဲ့စည်းထားပြီး ၅.၆ ကီလိုမီတာရှည်ကာ အတော်အသင့် ကျယ်ဝန်းသော ကမ်းခြေတစ်ခုဖြစ်သည်။ စက်စဲသည် ၁၉ရာစုတည်းက အပန်းဖြေစခန်းဖြစ်ခဲ့ပြီး ယခုအချိန်ထိ လူသိများထင်ရှားပါသည်။