သေမင်းတမန်ရထားလမ်းပြတိုက်

Listing Description

သံဖြူဇရပ်မြို့တွင် မြန်မာ-ထိုင်း သေမင်းတမန်ရထားလမ်း ပြတိုက်အသစ်ကို ၂ဝ၁၆ ခုနှစ် ဧပြီလ ၂၁ ရက်တွင်ဖွင့်လှစ်ခဲ့သည်။ ပြတိုက်ကို နှစ်ထပ်ဆောက်လုပ်ထားပြီး ပြတိုက်အဝင် တွင်မီးရထားလမ်းဖောက်လုပ်ခဲ့စဉ်က ချွေးတပ်သားများနှင့် မဟာမိတ်စစ်သုံ့ပန်းများ ပင်ပန်းဆင်းရဲကြီးစွာ အလုပ်လုပ်ကိုင်ခဲ့ကြရပုံများကို ရုပ်တုများ ထုလုပ်ပြသထားသည်။ ပြတိုက်အတွင်း၌ ရှားပါးမှတ်တမ်းဓာတ်ပုံများ၊ ချွေးတပ်သား များနှင့် မဟာမိတ်စစ်သုံ့ပန်းများ၏ အသုံးအဆောင်များ၊ အဝတ်အစားများ၊ ချွေးတပ်စခန်းအတွင်း ချွေးတပ်သားများ နေထိုင်ခဲ့ရသည့်တဲပုံစံများကို ဆောက်လုပ်ပြသထားသည်။ သေမင်းတမန်ရထားလမ်းတွင် ပထမဆုံး ပြေးဆွဲခဲ့သည့်မီးရထားစက်ခေါင်းကိုလည်း မြင်တွေ့နိုင်ပါသည်။