ဟံသာဝတီ စစ်သင်္ချိုင်း

Listing Description

ရန်ကုန်မြို့၊ ဟံသာဝတီအဝိုင်းအနီးတွင် တည်ရှိသည်။ လေးဧကခန့် ကျယ်ဝန်းသော ထိုစစ်သင်္ချိုင်းတွင် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားခဲ့သော မဟာမိတ်တပ်သား ၁၄၆၇ ယောက်၏ အုတ်ဂူများရှိသည်။ မြန်မာနိုင်ငံတွင် ဟံသာဝတီစစ်သင်္ချိုင်း၊ ထောက်ကြန့်စစ်သင်္ချိုင်းနှင့် သံဖြူဇရပ်စစ်သင်္ချိုင်းဟူ၍ စစ်သင်္ချိုင်းသုံးခုရှိပြီး ယခု ဟံသာဝတီ စစ်သင်္ချိုင်းကို ၁၉၄၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။