မအူတံတား

Listing Description

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ရှိ ဦးပိန်တံတားထက် ၇၅ နှစ်ခန့်ပို၍ ရှေးဟောင်းကျသော မအူတံတားသည် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ အနောက်မြောက်ဘက် ငါးမိုင်ခန့်အကွာ မအူအလယ်ရွာနှင့် မအူငယ်ရွာကြားရှိ အင်းကိုဖြတ်၍ တည်ရှိပါသည်။ ဆင်ဖြူရှင်မင်း၏ မိဖုရားမဥက ဆင်ဖြူရှင်မင်းအား မိမိ၏ မွေးရပ်မြေဇာတိရှိ အင်းကြီးတွင် တစ်ရွာနှင့် တစ်ရွာကြား ဆက်သွယ်သွားလာရေးနှင့် ရောင်းဝယ်နိုင်ရေးအတွက် တံတားတစ်စင်း တည်ဆောက်ပေးရန် လျှောက်တင်သောကြောင့် ယင်းတံတားကို တည်ဆောက်ခဲ့ကာ "မိဖုရားမဥတံတား" ဟု အမည်ပေးခဲ့ပြီး နှစ်ကာလကြာမြင့်လာသောအခါ "မအူတံတား" ဟု အမည်ပြောင်းလာခဲ့သည်ဟု သိရပါသည်။ ထိုခေတ်ကာလ တည်ဆောက်မှုစရိတ် ၅၄၇၅၅ ငွေဒင်္ဂါး ကုန်ကျပါသည်။ တံတား၏ အရှည် ပေ ၂၀၀၀ ကျော်၊ တိုင်ပေါင်း  ၃၄၄ တိုင်၊ အခန်းပေါင်း ၁၇၄ ခန်း၊ နားနေဆောင် ၃ ခုပါရှိကာ တံတား၏အမြင့် ၇ ပေခန့်ရှိပါသည်။ သက္ကရာဇ် ၁၃၁၀ ခုနှစ်တွင် ဆရာတော် ဦးဝရသမ္ဗောဓိက မအူတံတားကို ပြုပြင်ခဲ့သည်။ သက္ကရာဇ် ၁၃၄၂ ခုနှစ်တွင် မအူအလယ် ဆုတောင်းပြည့်ကျောင်းတိုက်ဆရာတော် ဦးပညာဓမ္မကဦးဆောင်၍ ပြုပြင်မွမ်းမံစောင့်ရှောက်ခဲ့သည်။ ခရစ်နှစ် ၂၀၀၂ တွင် သစ်တောရေးရာဌာနမှ ကျွန်းတိုင်များ ပြုပြင်ပြီး ထိန်းသိမ်းရေးလုပ်ငန်းမျာကို ဒေသခံများနှင့် ဆောင်ရွက်ခဲ့သည်။ မအူတံတား၏ အနောက်ဘက် မအူအင်း၏ အစပ်တွင် ကြည်ညိုဖွယ်ရာဘုရားသုံးဆူကို ဖူးတွေ့နိုင်သည်။