ပခန်းငယ်ကျောင်း

Listing Description

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပခန်းငယ်ရွာတွင် တည်ရှိပါသည်။ ကျောင်းတော်ကြီးကို မင်းတုန်းမင်းကြီး၏ ဦးလေးတော်စပ်သူ ပခန်းမင်းကြီး ဦးရန်ဝေးက ၁၈၆၄ ခုနှစ် တွင် ပန်းဒူးဆရာတော် ဦးဝသုဒ္ဓအား ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ကျွန်းတိုင်လုံးပေါင်း ၃၃၂ တိုင်ကို အသုံးပြုတည်ဆောက်ထားပြီး ဗိသုကာပညာရှင်မှာ ပခန်းငယ်ရွာမှ ဦးသာကြီးဖြစ်သည်။ ကျောင်းကြီး ပြီးစီးရန် ခုနစ်နှစ် ကြာမြင့်သည်ဟု သိရပါသည်။ ကျွန်း တိုင်ကြီး များသည် ပေ ၂ဝ မှ ပေ ၆ဝ ခန့်အထိ မြင့်သည်။ တိုင်လုံး ပတ် မှာ ၆ ပေ ၄ လက်မ မှ ၆ ပေ ၈ လက်မအထိ ရှိသည်။ ကျောင်းဦး ပြာသာဒ်၊ အဆောင်မ နှင့် ဘောဂ ဆောင် ဟူ ၍ အဓိက အဆောင် ကြီး သုံးခု ရှိခဲ့သည်။ ကျောင်းဦး ပြာသာဒ်တွင် ပလ္လင်တော်တစ်ခုပါရှိသည်။ အဆောင်မကြီးမှာ သုံးဆင့်လည်ပေါ်မိုး ဖြစ်ခဲ့သည်။ မြေပြင်မှ ကျောင်းတော်ကြီး ကြမ်းခင်းအထိ ၁ဝ ပေခန့်မြင့်သည်။ ကြမ်းခင်းပျဉ်ပြားကြီးများမှာ ထု တစ်လက်မ ခွဲ နှင့် ဗြက် ၁၂ လက်မခန့်ရှိသည်။ ယခုအခါ ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းနေပြီး ကျောင်းကြီး၏အရှေ့ဘက်တွင် တစ်ခု၊ အနောက်ဘက်တွင် တစ်ခု၊ မြောက်ဘက်တွင် သုံးခု နှင့် တောင်ဘက်တွင် သုံးခုဟူ၍ အုတ်လှေကားကြီး ရှစ်စင်း၏ အင်္ဂတေလက်ရာများနှင့် တိုင်လုံးကြီးအချို့ကိုသာ တွေ့မြင်နိုင်တော့သည်။