ပခန်းကျောင်းတော်ကြီး

Listing Description

ပခန်းကျောင်းတော်ကြီးသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ပခန်းကြီးအနောက်ကျုံးဟောင်း နဂါးတွင်းရပ်ရှိ ရှေးဟာင်း ကျောင်းတော်ကြီး တစ်ခုဖြစ်သည်။ မင်းတုန်းမင်းကြီး၏ ကျီဝန်မင်း ဦးဘိုးတုတ်မှ ငယ်ဆရာတော် ဦးဂုဏသီတင်းသုံးနေထိုင်ရန် မြန်မာသက္ကရာဇ် ၁၂၃၀ ခုနှစ်ခန့်က ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိသည့် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ရှေးဟောင်းကျောင်းတော်ကြီး တစ်ခုဖြစ်သည်။ ကျွန်းတိုင်ပေါင်း ၂၅၄ တိုင်ဖြင့် တည်ဆောက်ထားပြီး တိုင်များ၏လုံးပတ်သည် ၆ ပေ ၄ လက်မ နှင့် ၇ ပေ ၂ လက်မ အကြားရှိသည်။ တိုင်အမြင့်မှာ ပေ ၅၀ မှ ပေ ၉၀ အထိအမြင့်ရှိပြီး တိုင်များမှာအဆက်မပါဘဲ ဖြောင့်တန်းနေသော ကျွန်းတိုင်လုံးကြီးများ ဖြစ်ပါသည်။ သုံးဆင့်လည်ပေါ်မိုးပြာသာဒ် ဘုရားဆောင် ဘောဂဆောင် ကျက်သရေခန်းဆောင် စင်္ကြံလမ်းလှေကား ငါးစင်းတို့ကို ခန့်ညားထည်ဝါစွာ ထည့်သွင်းတည်ဆောက်ထားပါသည်။ အနုပညာမြောက်လှသော ရတနာပုံခေတ် ရှေးဟောင်းဗိသုကာလက်ရာများကို လေ့လာနိုင်ပါသည်။