မြစ်ကြီးနားယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်

Listing Description

မြစ်ကြီးနားမြို့၊ သီတာရပ်ကွက် အောင်ဆန်းလမ်းနှင့် သခင်နက်ဖေလမ်းကြားရုံးကြီးလမ်းတွင် တည်ရှိပါသည်။ မြစ်ကြီးနားယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သည် တော်လှန်ရေးကောင်စီအစိုးရ လက်ထက် ကချင်ပြည်နယ် ဦးစီးအဖွဲ့၏လက်အောက် သမိုင်းနှင့် ယဉ်ကျေးမှုဖော်ထုတ်ရေး ကော်မရှင်အဖွဲ့အနေဖြင့် ၁၉၆၂ ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်မှစ၍ ကချင်ဓလေ့ ဖြတ်ထုံးနှင့် ယဉ်ကျေးမှုဖော်ထုတ်ရေးကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် ယဉ်ကျေးမှု ဗိမာန်ဦးစီးဌာနလက်အောက်သို့ ဌာနခွဲတစ်ခုအဖြစ်ပြောင်းလဲ ဖွဲ့စည်း ခဲ့ပြီး ကချင်ပြည်နယ် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနဟု ပေါ်ပေါက်လာခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် စတင် ဖွဲ့စည်းစဉ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်း အတွင်းရှိ အဆောက်အဦ တွင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့မှစ၍ အမှတ်(၃)ရုံးကြီးလမ်းနှင့် သခင်နက်ဖေ လမ်းထောင့် သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့ ယခုလက်ရှိ အဆောက်အဦသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ မြစ်ကြီးနားယဉ်ကျေးမှုပြတိုက်ကို တနင်္ဂနွေ၊ တနင်္လာနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ လွဲ၍ နေ့စဉ် နံနက် (၀၉:၀၀)နာရီမှ ညနေ (၀၄:၃၀)နာရီအချိန်ထိ ဖွင့်လှစ်ပြသလျက်ရှိပါသည်။