ဧရာဝတီတံတား (မလွန်)

Listing Description

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ရွာသစ်ကျေးရွာနှင့် စစ်တိုးပင်ကျေးရွာအနီး မိကျောင်းရဲဘက်ကမ်းနှင့် မင်းလှမြို့နယ်၊ မလွန်ဘက်ကမ်းတို့ကို ဆက်သွယ် တည်ဆောက်ထားသော ဧရာဝတီမြစ်ကူးတံတား တစ်ခုဖြစ်သည်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလမှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ တံတားတွင် ပါရှိသော ရထားလမ်းမှာ မလွန်နှင့် ရွာတောကြီးဘူတာကို ဆက်သွယ်ဖောက်လုပ်ထားခြင်း ဖြစ်ပြီး ပုသိမ်ကလေးလမ်းနှင့် ရန်ကုန်-ပုဂံ-မန္တလေး ရထားလမ်းတို့ကို ဆက်စပ်နိုင်ရန်ဖောက် လုပ်ပေးထားခြင်းဖြစ်သည်။ ဤတံတားကြီးသည် ဧရာဝတီမြစ်အရှေ့ဘက်ရှိ ရန်ကုန်-ပြည်-မကွေး ပြည်ထောင်စုလမ်းမကြီးနှင့် မြစ်အနောက် ဘက်ရှိ စစ္စနိုး-ကန်တုတ်လမ်း၊ ပုသိမ်-မုံရွာ ပြည်ထောင်စုလမ်းမကြီးတို့ကို ဆက်သွယ်ပေးထားသည့် တံတားကြီးဖြစ်သည့် အပြင် မလွန်-မင်းလှ ကားလမ်းမှ တစ်ဆင့် စစ်တွေ၊ ကျောက်ဖြူစသော ရေနက်ဆိပ်ကမ်းမြို့များ၊ အထက်မြန်မာပြည်မြို့များ၊ ပုသိမ်-မုံရွာ လမ်းမကြီး၊ မုံရွာ-ဂန့်ဂေါ-ကလေး-ကလေးဝ-ကျီးကုန်း-တမူးလမ်းများကို ဆက်သွယ်ပေးထားပြီး ပြည်ပနိုင်ငံများနှင့်ပါ ကူးလူးဆက်သွယ်နိုင်ရန် တည်ဆောက်ထားခြင်း ဖြစ်သည်။ သံမဏိသံပေါင်ပင်မ တံတားအရှည်မှာ ၃၂၁၅ ပေ၊ ချဉ်းကပ်တံတား အပါအဝင် ရထားလမ်း ၇၁၅၄ ပေနှင့် ကားလမ်း အရှည်ပေါင်း ၅၈၃၉ ပေ ဖြစ်သည်။ ယာဉ်သွားလမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေစီ၊ ရထားလမ်းအကျယ် ၁၄ ပေ ပါရှိပြီး တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း ခွင့်ပြုတန် ၆ဝ၊ ရေလမ်းကင်းလွတ်နယ် အကျယ်ပေ ၃၂ဝ နှင့် အမြင့် ၅၇ ပေ တို့ဖြစ်သည်။

#ဧရာဝတီမြစ်ကူးတံတား (မလွန်တံတား)