ဇိန်မှုတောင် (Mt. Zing Hmuh)

Listing Description

ဇိန်မှုတောင် (Mt. Zing Hmuh)သည် ဖလမ်းမြို့၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၁၄ ပေတွင် ရှိပါသည်။ ချင်းပြည်နယ်အတွင်းရှိ တတိယအမြင့်ဆုံးတောင်ဖြစ်ပါသည်။ သဘာဝသစ်ပင်ပန်းပင်များ၊ သစ်ခွပန်းများ၊ ကျေးငှက်များ၊ တိရစ္ဆာန်များ ပေါကြွယ်ဝသော တောင်အမျိုးအစားဖြစ်ပါသည်။ ထို့အပြင် သီးမြစ်၊ တီအိုင်ချောင်းမှတဆင့် မဏိပူရမြစ်နှင့် နောက်ဆုံးကုလားတန်မြစ်အဖြစ် ပေါ်ထွန်းစေရန် မြစ်ဖျားခံသည့် ဒေသခံတို့၏ အမြတ်တနိုးတန်ဖို့ထားရာ လိုင်သီးလီ( Lai Ti Li ) သဘာဝရေကန်တည်ရှိသော တောင်ဖြစ်ပါသည်။ လိုင်သီးလီ သဘာဝရေကန်ကို ဒေသခံတို့က နတ်ကန် ဟုလည်းခေါ်ကြသည်။ ဇိန်မှုတောင်သည် တောင်တက်ခြင်း၊ တောကြမ်း လမ်းလျှောက်ခြင်း၊ သဘာဝအလှနှင့်အတူ ဓါတ်ပုံရိုက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုခြင်း၊ ပျော်ပွဲစားထွက်ခြင်းများအား စိတ်ဝင်စားသူများအတွက် အသွားသင့်ဆုံး နေရာဖြစ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်တွင် ဇိန်မှုတောင်၏ ဧရိယာနယ်နိမိတ်များဖြစ်သော ဟားခါးမြို့နယ်အတွင်း ၇၇၅၆ဧက၊ ထန်တလန်မြို့နယ်အတွင်း ဧက ၄၀၀၀ ကျော်နှင့် ဖလမ်းမြို့နယ်အတွင်း ဧက ၆၀၀၀ ကျော် စုစုပေါင်း ၁၉၉၃၇ ဧက ကျယ်ဝန်းသည့် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။