ဓနုဖြူခံတပ်

Listing Description

ဓနုဖြူမြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိပြီး ဓနုဖြူခံတပ်ကို ဧရာဝတီ မြစ်ကမ်းတစ်လျှောက် တည်ဆောက် ထားသဖြင့် အလျား တစ်မိုင်ခန့်၊ အနံမှာ မြေမျက်နှာပြင် အနေအထား ကို လိုက်၍ ကိုက် ၅ဝဝ မှ ကိုက် ၈ဝဝ အထိ ရှိပါသည်။ တစ်မိုင်ခန့် ရှည်လျားသော ခံတပ်ကြီးအပြင် အရန်ခံတပ်ငယ်နှစ်ခုကို မြို့တောင်ဘက် ကျိုက္ကလွန်ပွန်းစေတီတွင် တစ်ခု၊ မြို့လယ် ရွှေကူဘုန်းတော်ကြီးကျောင်းတွင် တစ်ခု တည်ဆောက်ပြီး အင်္ဂလိပ်တို့ကို ခုခံရန် အဆင့်ဆင့် တည်ဆောက်ထားပါသည်။ ယင်းခံတပ်မှာ ရှေးမွန်တို့ တည်ဆောက်ထားသော မြို့ရိုးဟောင်းကို စစ်သူကြီးမဟာဗန္ဓုလက ခံတပ်အဖြစ် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပါသည်။ စစ်သူကြီးမဟာဗန္ဓုလအား ဂုဏ်ပြုသောအားဖြင့် ဓနုဖြူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ၊ နိုင်ငံတော်ပါဠိတက္ကသိုလ် တောင်ပေါ်ကျောင်းတိုက်ကြီး အတွင်း၌ မဟာဗန္ဓုလအုတ်ဂူကို ၁.၄.၁၈၂၅ ရက်နေ့တွင် တည်ဆောက်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် မဟာဗန္ဓုလမြင်းစီးကြေးရုပ်နှင့် ပန်းခြံအား ပါဠိတက္ကသိုလ်တောင်ပေါ် ကျောင်းတိုက်၏ ဘေးတွင်အမှတ်တရ တည်ဆောက်ထားရှိခဲ့ပါသည်။ မဟာဗန္ဓုလခံတပ်သည် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၁၅)ရပ်ကွက်အား ပိုင်းခြားထားသော နယ်နိမိတ်အဖြစ် တည်ရှိပါသည်။