ဓာတ်ဦး၊ ဓာတ်လည်၊ ဓာတ်ဆုံးစေတီသုံးဆူ

Listing Description

စစ်တွေမြို့ ကန်တော်ကြီးမှ အဝေးပြေးယာဉ်ဝင်းထိပ်ထိ အာကျိတ်ကုန်းတန်းကြောတစ်လျှောက် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် စေတီများဖြစ်သည်။ စစ်တွေမြို့တည်စအချိန် "အာကျိတ်တော်ကုန်းလှိုင်းသုံးလုံး" ဟူ၍ တဘောင်တစ်ခု ပေါ်ပေါက်ခဲ့ရာ ထိုတဘောင်ကို ယတြာတန်ပြန်သည့်အနေဖြင့် ဓာတ်ဦး၊ ဓာတ်လည်၊ ဓာတ်ဆုံးစေတီတော် သုံးဆူကို တည်ထားကိုးကွယ် ခဲ့သည်။ စစ်တွေမြို့ စတည်သည့် ခရစ်နှစ် ၁၈၂၅ ခုနှစ်မှ ယနေ့တိုင် တည်ရှိနေသော ရှေးဟောင်း သမိုင်းဝင် စေတီများဖြစ်ပါသည်။