ရုံးအမှတ် (၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

Listing Description

ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံတွင် ပြည်သူ့ရိက္ခာထောက်ပံ့ရေးစီမံကိန်းအရ ကူးသန်း ရောင်းဝယ်ရေးနှင့်ထောက်ပံ့ရေးဌာနကို ၁၉၄၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အခါ ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနအဖြစ်ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ကူးသန်း ရောင်းဝယ်ရေး အမည်ဖြင့်လည်းကောင်း၊ ၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ကုန်သွယ်ရေး တိုးတက်ရေးဝန်ကြီးဌာန အဖြစ်လည်းကောင်း ဖွဲ့စည်း၍ ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်၌ သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေး ဝန်ကြီးဌာနနှင့် ပစ္စည်းထောက်ပံ့ရေးဝန်ကြီးဌာနတို့အား ပူးပေါင်း၍ ၁၉၆၂ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ထောက်ပံ့ရေးနှင့် သမဝါယမ ဝန်ကြီးဌာနအဖြစ်ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနမှ ထောက်ပံ့ရေးအပိုင်းကို ခွဲထုတ်၍ ကုန်သွယ်မှု တိုးတက်ရေးဝန်ကြီးဌာနသို့ ထည့်သွင်းပြီး ကုန်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၆ ခုနှစ်သြဂုတ်လ ၇ ရက်နေ့မှစ၍ ကုန်သွယ်ရေးဝန်ကြီးဌာနအမည်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဟူ၍ ယနေ့အထိ အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ လုပ်ငန်းဌာနကြီးများကို ၁-၁-၂၀၁၃ မှ စတင်၍လုပ်ငန်းစွမ်း ဆောင်ရည် ပိုမိုမြင့်မားစေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၁၅-၃-၂၀၁၃ ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၃) အရ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနကို ကူးသန်း ရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန အဖြစ်လည်းကောင်း၊ မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနအဖြစ် လည်းကောင်း ပြင်ဆင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

ရရှိနိုင်သော ဝန်ဆောင်မှုများ

(၁) Border Trade Online System (BOTS)(နယ်စပ်ပို့ကုန် သွင်းကုန် လိုင်စင်စနစ်)

(၂) Import\Export License Permit System (IELPS) စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခြင်း

(၃) Fully online Licensing System စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခြင်း (ခွင့်ပြုအမယ် (၄၃) မျိုး)