အင်းတော်အင်း

Listing Description

အင်းတော်အင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည့် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး သဘာဝကုန်းတွင်းရေချိုအင်းကြီး ဖြစ်ပါသည်။ အင်းတော်အင်းသည် ယခင်က အလျား ၄ မိုင်၊ အနံ ၂ မိုင် ရှိခဲ့သော်လည်း ယခုအခါတွင် အင်းကြီးမှာ တစ်နှစ်ထက်တစ်နှစ် တိမ်ကောလာသဖြင့် ယခင်အကျယ်အဝန်းအလျား ၄ မိုင်၊ အနံ ၂ မိုင် မရှိတော့ပဲ ကျဉ်းမြောင်းလာသည်ကို တွေ့ရပါသည်။ အရှေ့ဘက်မှ စီးဆင်းလာသော စွန်မော်ချောင်းသည် နာရခေါင်းချောင်း၊ ကြံတောချောင်းတို့နှင့် ပေါင်းကာ အင်းအတွင်း စီးဝင်၏။ အင်းတော်အင်း၏ ထွက်ပေါက်မှ နတ်မဟုတ်ကလေးချောင်းအဖြစ်စီးဆင်းပြီး တုံစီရွာ အရှေ့ဘက်ခြမ်းကို ကွေ့ဝိုက်ကာ မဲဇာချောင်းအတွင်း စီးဝင်ပါသည်။