White City (မြို့ဖြူတော်ခံတပ်)

Listing Description

ဒုတိယကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်ဝင်းဂိတ်၏ ကွန်မန်ဒို မဟာမိတ်တပ်များ အခြေစိုက်ခဲ့ရာ ကမ္ဘာကျော် ခံတပ်ဖြစ်သည့် White City မြို့ဖြူတော်ခံတပ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသ ဟဲနုရွာအနီးတွင် တည်ရှိပါသည်။ စစ်အတွင်းက မြန်မာမြေပေါ်တွင် ဂျပန်တို့ တပ်စွဲခြေကုပ်ယူထားသော မော်လူးဒေသကို ဗြတိသျှ တပ်မဟာမှ ဗိုလ်ချုပ်ဝင်းဂိတ်၏ ကမ္ဘာကျော် Chindits (ခြင်္သေ့တပ်) ကွန်မန်ဒိုတပ်များမှ ဖြတ်စစ်အဖြစ် အသေခံတိုက်ယူခဲ့သည်။ ၎င်းနောက် ၁၉၄၄ ခုနှစ်၊ မတ်လ ၁၆ ရက်တွင် White City ခံတပ်တည်ဆောက် ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ ယင်းနေရာ တိုက်ပွဲတွင် ခြင်းဒစ်ကွန်မန်ဒိုပ်စစ်သားများနှင့် ဂျပန်စစ်သား သုံးထောင်ကျော်သေဆုံးခဲ့ကြောင်း သမိုင်းများတွင်ဖော်ပြထားပါသည်။ ယခုအခါ ယင်းခံတပ်ကုန်းနေရာမှ တူးဖော်တွေ့ရှိထားသော လက်နက်များကို ပြတိုက်ဖြင့် ပြသထားပါသည်။ ၎င်းသမိုင်းဝင်ခံတပ် နေရာတွင် အထိမ်းအမှတ်ကျောက်တိုင်ကို ဗြိတိသျှတပ်မတော် အမှတ် ၇၇ တပ်မဟာမှ ဗိုလ်မှူးချုပ် အိတ်ကန် (Brigadier Alistair Aitken) ကိုယ်တိုင် မြန်မာ-အင်္ဂလိပ် အစိုးရတို့သဘောတူချက်အရ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက် ၌ လာရောက်စိုက်ထူ ခဲ့သည်။