မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

Listing Description

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းအစွန်ဆုံးနှင့် ကမ်းနားလမ်းထောင့်တွင် တည်ရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ရုံးတစ်ရုံးဖြစ်သည်။ အဆောက်အအုံကို ၁၉၂၀ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ယခင်က မြန်မာ့ဆိပ်ကမ်းကော်ပိုရေးရှင်းအမည်ဖြင့် ဆိပ်ကမ်းလုပ်ငန်းများကို စီမံခန့်ခွဲခဲ့ပြီး ၁၉ ရာစုနှောင်းပိုင်း ဗြိတိသျှအင်ပါယာ၏ ဆိပ်ကမ်းလုပ်ငန်းသည် ကြီးမားကျယ်ပြန့်လာရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဟူ၍ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး အဆောက်အအုံအဟောင်းနေရာတွင် ပိုမိုကျယ်ဝန်းပြီးခေတ်မီသော အဆောက်အအုံဖြင့်အစားထိုး တည်ဆောက်ခဲ့သည်။ ထိုအဆောက်အအုံကို တည်ဆောက်သော ဗိသုကာပညာရှင် Thomas Oliphant Foster (1881-1894)၏ ရန်ကုန်မြို့ရှိထင်ရှားသောအဆောက်အအုံ နောက်တစ်ခုမှာ ယခု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဆောက်အအုံအနီးတည်ရှိသည့် ရန်ကုန်တိုင်းစုပေါင်းရုံး(ယခု Rosewood Yangon Hotel) ဖြစ်သည်။ ယခုအခါ ၎င်းအဆောက်အအုံနှစ်ခုမှာ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဖြစ်တည်ရှိနေပါသည်။