အိမ်ရှေ့မင်းထန်းတော

Listing Description

အိမ်ရှေ့မင်းထန်းတောသည် မန္တလေးမြို့အရှေ့မြောက်ဘက်၊ ပုသိမ်ကြီးမြို့နယ်၊ ထန်းဥယျာဉ်ကျေးရွာတွင် တည်ရှိသည်။ ကုန်းဘောင်ခေတ် အိမ်ရှေ့စံ ကနောင်မင်းသား သွားရောက်လည်ပတ်တောကစားထွက်ရာနေရာ ဖြစ်သောကြောင့် အိမ်ရှေ့မင်းထန်းတောဟု ထင်ရှားပါသည်။ ထန်းတော၏ ပတ်လည်တွင် သခင်မတောင်၊ ရွှေတောင်ဦး နှင့် ဂန္ဓာမာတောင်များက ဝန်းရံထားပြီး အရှေ့ဘက်တွင် မန္တလေးတူးမြောင်းကြီးရှိပါသည်။ ထန်းတောကြီး၏အကျယ်မှာ ဧက ၈၀ ခန့်ရှိပြီး တောဓလေ့ တောသဘာဝအလှအပများခံစားရင် ထန်းရည်ချိုမြမြကို သောက်သုံးနိုင်ပါသည်။