သခင်မတောင်

Listing Description

ပုသိမ်ကြီးမြို့နယ် ကြာနီကန်ရွာနှင့် အိမ်ရှေ့မင်းထန်းတောကြားတွင် တည်ရှိပြီး တောင်တော်သခင်မ ပန်းကောက်ပွဲမှာ ထင်ရှားသည်။ အစဉ်အလာအရ သခင်မနတ်နန်းထိန်းမိသားစုနှင့် တောင်းပြုန်းနန်းထိန်းမိသားစုတို့က သခင်မနတ်နန်းရင်း တည်ရှိရာအနီးရှိ စားတော်ကုန်းတွင် ကန်တော့ပွဲ၊ သစ်သီး၊ ပန်း၊ စားသောက်ဖွယ်ရာများဖြင့် စားတော်စာဆက်သပြီး နန်းရင်းအနီး သရဖီပင်များမှ ကြွေကြသည့် သရဖီပန်းများကို နန်းထိန်းမိသားစုများက တန်ခူးလဆန်း ၄ ရက်နေ့တွင် ကောက်ယူကာ သခင်မထံဆက်သခြင်းဖြစ်သည်။ သရဖီပန်းများမှာ ပန်းကောက်ပွဲမတိုင်မီ ပွင့်လျက် ကြွေလျက်ရှိသော်လည်း မည်သူမျှကောက်လေ့မရှိဘဲ ပန်းကောက်ပွဲရက်ရောက်မှသာလျှင် သခင်မ၏ ခွင့်ပြုချက်ဖြင့် ကောက်သည်ဟု သိရသည်။ ပန်းကောက်ပွဲအား နှစ်စဉ် တန်ခူးလဆန်း ၄ ရက်နေ့မှ တန်ခူးလဆန်း ၈ ရက်နေ့အထိ ကျင်းပလေ့ရှိသည်။