အိမ်ရှေ့မင်းနန်းရာ

Listing Description

မင်းပြားမြို့နယ်၊ ကျိန်းတောင်၊ တောင်ဘက်ယွန်းယွန်း အိမ်ရှေ့မင်းရွာအနီးတွင် တည်ရှိသည်။ သက္ကရာဇ် ၇၇၆(လောင်းကြက်ခေတ်)ခုနှစ် ရာဇသူ၏သားတော် အိမ်ရှေ့မင်းသား မင်းစောမွန် နေထိုင်ခဲ့ပြီး၊ ဝိဇယဘွဲ့ခံ ကိန်းဒုံးညိုမင်း၏သားတော် ရဲဘော်သေ အိမ်ရှေ့မင်းသားဘဝဖြင့် နေထိုင်ခဲ့သည်။ ယခုနန်းတော်ရာအထက်တွင် စေတီတစ်ဆူနှင့် ဆင်းတုတော်တစ်ဆူ ရှိပါသည်။ တောင်တန်းတစ်ဝိုက်ကိုညှိ၍ အုတ်တံတိုင်းဖြင့် ကာရံထားသည်ကို တွေ့ရသည်။ နန်းတော်ရာမှာ အလျား ၇၇ဝ ပေ၊ အနံ ၄၀ ပေ ရှိပြီး တံတိုင်းအမြင့် ၅ ပေခန့် ရှိပါသည်။ ဝင်လမ်း ၂ ခုရှိ သည်။