ရာမောင်ကြိုးတံတားဟောင်း

Listing Description

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အမ်း-စစ်တွေလမ်း ကြာအင်းတောင်နှင့် မင်းပြားလမ်းဆုံကြား လေးမြို့မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည်။ ၁၉၉၇ ခုနှစ် သြဂုတ်  ၂၂ ရက်တွင် ဆောက်လုပ်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ တံတားအရှည် ၁၃၀၀ ပေရှိပြီး တံတား၏ကြံ့ခိုင်မှုအားနည်းလာသဖြင့် ၅ တန်အောက်ယာဉ်များကိုသာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားသည်။ ယခုအခါ ယင်းတံတား၏ဘေး ပေ ၇၀ အကွာ၌ ရာမောင်တံတားသစ် ကိုတည်ဆောက်ထားသည်။