မဟာဗန္ဓုလတံတားအဆင်း Ocean Super Center ရှေ့၌ ယာဉ်ကိုးစီးဆင့်တိုက်မှုဖြစ်ပွား

20-Jan-2021

ရန်ကုန်  ဇန်နဝါရီ   ၁၉

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလတံတားအဆင်း Ocean Super Center ရှေ့၌ ယနေ့နံနက်ပိုင်းက ယာဉ်ကိုးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီ မိနစ်  ၅၀  ခန့်က  လှိုင်သာယာမြို့နယ် အဆင့်မြင့်(၅)ရပ်ကွက်နေ ယာဉ်မောင်း ကျော်ကျော်အောင်သည် သံဖြူဇရပ်မှ အလုံမြို့နယ်ရှိ အေးရှားဝေါလ်ဆိပ်ကမ်းတွင် ကွန်တိန်နာပုံးခွန်ချရန် ကွန်တိန်နာ ယာဉ်အား မဟာဗန္ဓုလလမ်းအတိုင်း မောင်းနှင်လာစဉ် ပုဇွန်တောင်မြို့နယ် အမှတ်(၃)ရပ်ကွက် မဟာဗန္ဓုလလမ်း   မဟာဗန္ဓုလတံတားအဆင်း Ocean Super Center ရှေ့အရောက် ဘရိတ်ပေါက်၍  ယင်းရှေ့ရှိ  ယာဉ်ရှစ်စီးအား ဆင့်တိုက်မိခဲ့ခြင်းဖြစ်ပြီး   ယာဉ်တိုက်မှုကြောင့် တိုရိုတာကိုရိုလာ(ဗင်)(အငှား)ယာဉ်၏ ယာဉ်မောင်း ဦးမြင့်သောင်းမှာ ဒဏ်ရာများရရှိခဲ့သောကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့ပြီး ကျန်ယာဉ်မောင်း များမှာ  ဒဏ်ရာ(မစိုးရိမ်ရ)  ရရှိခဲ့ကြောင်းနှင့်  ယာဉ်တိုက်မှုကျူးလွန်သည့် ယာဉ်မောင်း  ကျော်ကျော်အောင်အား  စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်သစ္စာ

နှင်းမုန်တိုင်းကြောင့် ဂျပန်မှာ ကားအစီး ၁၃၀ ဆင့်ကဲတိုက်ခဲ့