ရမည်းသင်းမြို့နယ်၌ ဆိုင်ကယ် ၁၆ စီး ခိုးယူမှု ဖော်ထုတ်ဖမ်းဆီးရမိ

21-Jan-2021

နေပြည်တော် ဇန်နဝါရီ ၂၀

ရမည်းသင်းမြို့နယ် ရမည်းသင်း မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၉ ရက်က မှုခင်းဖော်ထုတ် ချက်အရ ဆိုင်ကယ် ၁၆ စီး ခိုးယူသူ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရမည်းသင်းမြို့မ ရဲစခန်း (ပ)၁၄/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ ကျင့် ၅၄ အမှုမှ တရားခံ ပေါက်ကျိုင်း(ခ)ပေါက်ကြီး၊ ဖိုးလပြည့် (ခ)အကြီးကောင်နှင့် နိုင်နိုင်(ခ)ငဘော့ တို့ သုံးဦးကို ရမည်းသင်းမြို့မရဲစခန်း မှ ဒုတိယရဲအုပ် အောင်လင်းထွဋ် ဦးစီးတပ်ဖွဲ့ဝင်များက စစ်ဆေးရာ ၎င်းတို့ သုံးဦးသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ရမည်းသင်း မြို့နယ်နှင့် အခြားနီးစပ်ရာ မြို့နယ် များမှ ဆိုင်ကယ် ၁၆ စီးအား ခိုးယူခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများကို သိမ်းဆည်း ပြီး ၎င်းတို့ သုံးဦးအား ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ရဲပြန်ကြား