နတ်ကန်ဦးဂျပ်ကြား

Listing Description

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့အရှေ့ဘက် မြို့ရှောင်လမ်းအနီး၊ နတ်ကန်ဦးရွာသို့ အသွားလမ်းတွင် တည်ရှိသည်။ ကျောက်တောင်နှစ်ခုကြားတွင် လမ်းကဲ့သို့ဖြစ်နေပြီး ယင်းလမ်း၏ဘေး ကျောက်သားနံရံကြီး၏ အမြင့်ဆုံးနေရာမှာ ၃၁ ပေထိအမြင့်ရှိကာ လမ်းအရှည် ၁၈၇၁ ပေရှိသည်။ ဓာတ်ပုံဝါသနာရှင်များ ဓာတ်ပုံရိုက်ရန်နှင့် ဘူမိဗေဒပညာရှင်များ လေ့လာရန်အတွက် သင့်တော်သော နေရာတစ်ခုဖြစ်သည်။