မင်းနန်သူဘုရား

Listing Description

မင်းနန်သူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ကြည်တော်ကုန်းရပ်ကွက်၊ ကျီးနီကန်အနီးတွင် တည်ရှိပါသည်။ သက္ကရာဇ်၅၇၃ ခုနှစ်တွင် မင်းနန်သူအမတ်ကြီး တည်ထားခဲ့သည့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားဆင်းတုတော် တစ်ဆူဖြစ်ပါသည်။ မင်းနန်သူဘုရားမှာ အကြောင်းကိစ္စ မှုခင်းတစ်ရပ်တွင် အမှန်တရား ဖော်ထုတ်နိုင်ရန် သစ္စာပြုရာဘုရားအဖြစ် ထင်ရှားပါသည်။ ဘုရားကြီး၏ မုခ်ဦးဝတွင် စိုက်ထူထားသည့် မင်းနန်သူကျိန်စာ ကျောက်စာတွင် “ငါတည်ထား ပြုစုကောင်းမှု ကုသိုလ်ဘုရားပုထိုး၊ စေတီ ရုပ်ပွားတော်၊ ကျောင်း၊ သိမ်၊ ဇရပ်၊ တန်ဆောင်း၊ ရေတွင်း၊ ရေကန်၊ တံတား၊ ဂူလိုဏ်အစရှိသော ကောင်းမှု ကုသိုလ်တို့သည် ဆွေးမြေ့ပျက်စီးယို ယွင်းရှိသဖြင့် အသစ်တစ်ဖန် ထပ်မံ၍ ပြုပေးသော သူတော်သူမြတ်တို့သည် ငါနှင့်ရည်တူ ထပ်တူ ထပ်မျှ ကုသိုလ်ရသည် ဖြစ်စေသတေး၊ နိဗ္ဗာန် ပြည်ခွင်ဝင်စံသည်တိုင်အောင် ငါပိုင်ဆိုင်သော ပစ္စည်းဝတ္ထုမှံလျှင် မီးမှာဖြစ်သော်လည်း မီးမလောင်နိုင် စေသတေး၊ ငါပြုသော ကုသိုလ်ကောင်းမှုတို့ကို ဖျက်ဆီး၍ မရိုမသေပြုသော သူတို့သည် ဤဆား၊ ဤဝါဂွမ်း တို့သည် အကြွင်းအကျံမရှိသခဲ့သို့ လောင်ကျွမ်းကြစေသတေး၊ ကုန်းသွား ကုန်းဘေး၊ ရေသွားရေဘေး၊ တောသွားတောဘေး၊ မင်းဒဏ် ၇ ကြိမ်၊ မီးဒဏ် ၇ ကြိမ်သင့်ပြီးလျှင် အမွှေးအမြင် ရှင်းရှင်းစင်၍ မဟာအဝီဇိငရဲ ကြီးတွင် ခံရစေသတေး၊ ကောင်းအောင်ပြုလျှင် သုခံချမ်းသာ ကြစေသတေး၊ မကောင်းအောင် ပြုလျှင် ဒုက္ခဆင်းရဲနှင့် လက်ငင်းတွေ့စေသတေး။ မင်းနန်သူအမတ်ကြီး”ဟု ကျောက်စာတိုင်တွင် ရေးသားဖော်ပြ ထားသည်။