ဖောင်တော်ဦးစေတီတော်

Listing Description

တောင်ကုတ်မြို့ကျက်သရေဆောင် သမိုင်းဝင်စေတီတော်တစ်ဆူဖြစ်ပြီး တောင်ကုတ်မြို့လယ် မြစ်ကမ်းပါးအနီး ကံပိုင်ရပ်ကွက်တွင် တည်ရှိသည်။ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ဘိုး‌တော်ဘုရား၏ သားတော် အိမ်ရှေ့ဥပရာဇာမင်းသားသည် ရခိုင်ပြည်ကို ချီတက်တိုက်ခိုက်အောင်မြင်ပြီး‌နောက် မဟာမြတ်မုနိရုပ်ပွား‌တော်ကြီးကို ပင့်‌ဆောင်လာစဉ် တောင်ကုတ်မြို့၌ ခေတ္တရပ်နား ကိန်းဝပ်စံပယ်‌တော်မူခဲ့သည်။ ထိုမဟာမြတ်မုနိရုပ်ပွားတော်ကြီး ခေတ္တကိန်းဝပ်သည့်‌နေရာ၌ သက္ကရာဇ် ၁၁၄၆ ခုနှစ် တပေါင်းလတွင် အိမ်ရှေ့ဥပရာဇာမင်းသားကိုယ်တိုင် ဘုရားဝတ္တကနယ်မြေသတ်မှတ်ကာ ရှေးရခိုင်မင်းအဆက်ဆက် နန်းဦးတွင်ကိုးကွယ်ခဲ့ကြသော ဓာတ်တော် ၁၂ ဆူကို ဌာပနာ၍ စေတီတစ်ဆူ တည်ထားကိုးကွယ်ကြပြီး "ဖောင်တော်ဦးစေတီတော်"ဟု ဘွဲ့အမည်ခေါ်တွင်ခဲ့ပါသည်။ မူလစေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၀ တောင်သာရှိခဲ့သည်။ သက္ကရာဇ် ၁၂၇၁ ခုနှစ်တွင် ဘုရားဒါယိကာမကြီး ဒေါ်ရွှေမယ်က မန္တလေးမြို့ရှိ အိမ်တော်ရာစေတီတော်နှင့် ထပ်တူထပ်မျှပုံစံတူ ပြန်လည်မွမ်းမံတည်ထားခဲ့သည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၁၀ ရက်နေ့မှ လဆုတ် ၁ ရက်နေ့အထိ နှစ်စဉ်နှစ်တိုင်း စည်ကားစွာ ကျင်းပပါသည်။