ကိုလေးလွင် (၁၉၄၁-၁၉၈၉)

Listing Description

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင် ၁၉၄၁ ခု၊ ဧပြီလ ၂၄ ရက်၌ ဦး အေးချို၊ ဒေါ် သန်းညွန့်တို့က မွေးသည်။ ငယ်မည်မှာ ကျော်ရှိန် ဖြစ်သည်။

၁၉၅၅ ခုတွင် ဂီတနယ်သို့ ဝင်ကာ ဂီတမှူးအဖြစ်လုပ်ကိုင်ရင်း သီချင်းများရေးခဲ့သည်။

မြန်မာသံစဉ်များထဲမှ သန်းထွန်းလေး၏ 'မွေးဌာနီ'၊ 'မမေ့သောအညာ'၊ 'မမပုသိမ်သူ'စသည့် သီချင်းများနှင့် ပလေးဘွိုင်းသန်းနိုင်၊ ပုလဲ၊ မြန်မာပြည်သိန်းတန်၊ တက္ကသိုလ်အေးမောင်၊ စိန်လွင်လေး၊ ခင်မောင်ထူး၊ မေခလာ၊ မိုင် စသည့် ခေတ်ပေါ် တေးသံရှင်များအား မြန်မာသံစဉ် ကျောရိုးမပျက်၊ စတီရီယိုတေးသီချင်းများကိုလည်း ရေးစပ်ခဲ့သူ ဖြစ်သည်။

၁၉၈၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ကွယ်လွန်သည်။

ကျော်ကြားသော တေးများ

မင်္ဂလာသတင်း

လှိုင်းပုတ်သံကြောင့် ဗျိုင်း လန့်ပျံသည်

ကြာလေလေ ခိုင်မြဲလေလေ

ကြာလေလေ ဝေးမှာ စိုးတယ်

မမေ့သော အညာ

ကျနော့်မမ ပုသိမ်သူ

ခွင့်မပန်ဘဲ သွားပါနဲ့ကွယ်

သံလွင်ကတော့ စီးမြဲပင်

ချစ်သူတို့ လျှောက်သောလမ်းကလေး

လယ်သွားနေသလဲ မရွှေဖဲ

သမင်လိုက်

တလောကလုံးကို အိပ်ခိုင်းထားချင်တယ်

ချစ်ခရီးဧရာ

ကိုကို ယောက်ျားမဟုတ်ဖူး

မဟာရန်သူ အချစ်တော်ကြီး

ဒီလိုဒီလိုပါကွယ်

ယောက်ျားမျက်ရည်

မိုက်တယ်ဆိုတာ လွယ်ပါတယ်