ကျွန်းအမှတ် ၁၁၅

Listing Description

၁၁၅ ကျွန်းသည် ကော့သောင်းမြို့၏ ၃၈ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ၁၁၅ ကျွန်းတွင် ရှည်လျား ကျယ်ဝန်းပြီး ဖြူဖွေးသည့် သဲသောင်ပြင်ရှိကာ Snorkeling လုပ်ရန် အကောင်းဆုံးတစ်နေရာဖြစ်ပြီး အရောင် အသွေးစုံလင်သည့်ငါးများ၊ လှပသောသန္တာကျောက်တန်းများကို အနီးကပ်လေ့လာနိုင်ပါသည်။ ထို့အပြင် ခရီးသွားများအနေဖြင့်  ကယက်လှေများဖြင့်လည်း လှော်ခတ်အပန်းဖြေနိုင်ပါသည်။ ကျွန်း၏ နေရာအများစုသည် အစိမ်းရောင်သစ်တောများဖြစ်၍ trekking ပြုလုပ်ရန် ကောင်းမွန်ပြီး သစ်တော များအတွင်း၌ ရှားပါးငှက်မျိုးစိတ်များစွာကိုလေ့လာနိုင်ပါသည်။ ရေငုပ်ခြင်းနှင့် ရွက်လှေစီးခြင်းတို့ လည်းပြုလုပ်နိုင်ပါသည်။