ထပ်ပူခမ်းစေတီတော်

Listing Description

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် မိုင်းယုမြို့ တာကြန့်ကျေးရွာ ဟိုခိုဘုန်းတောင်ကြီးကျောင်းတွင် တည်ရှိသည်။ မိုင်းယောင်းနယ်ကို ဖုရားသုလင်္ဂဝုတ္တိ မင်းပြုချိန် သာသနာသက္ကရာဇ် ၁၅၅၉ ခုနှစ်တွင် ရဟန္တာလေးပါး သီဟိုဠ်ကျွန်းမှ မိုင်းယောင်းသို့ ပင့်ဆောင်လာသော မြတ်စွာဘုရား၏ ဆံတော်နှင့်ဓာတ်တော်များထဲမှ ဝမ်ဟွေလတ်ကျေးရွာ သူဌေးဇနီးမောင်နှံက ဆံတော်နှစ်ဆူနှင့် ဓာတ်တော်နှစ်ဆူရရှိသဖြင့် ထိုဆံတော်နှင့်ဓာတ်တော်များကို ဌာပနာ၍ စေတီတော်ကို တန်ဆောင်မုန်းလပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်၏ ဘွဲ့အမည်ကို မြတ်စွာဘုရား ဘုရားလောင်းဘဝက ရွှေဂဏန်း (ပူခမ်း)အမည်ကို အစွဲပြု၍ ထပ်ပူခမ်း (ရွှေဂဏန်း) စေတီဟု ခေါ်တွင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ်တွင် မိုင်းယောင်းနယ်ကို အုပ်ချုပ်သော ကျောက်ဖကောင်းခမ်းဖူးက စေတီတော်ကို ပိုမိုခိုင့်ခံအောင် ပြုပြင်မွမ်းမံခဲ့သည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်တွင် မိုင်းယောင်းမြို့ ဝပ်ကျွမ်ကျဲန့်ဆရာတော်နှင့် မိုင်းယုမြို့ ဝပ်ကျွမ်သောင်း ဆရာတော်တို့ ဦးဆောင်ပြီး မိုင်းယုသူ မိုင်းယုသားများသည် စေတီတော် ရေရှည်တည်တံ့စေရေး၊ ဗုဒ္ဓသာသနာ ရောင်ဝါတော်ထွန်းလင်းတောက်ပစေရေးအတွက် မူလစေတီအား ထည့်သွင်းဌာပနာ၍ အသစ်မွမ်းမံတည်ဆောက်ခဲ့ရာ ၁၃၈၀ ပြည့်နှစ် တပို့တွဲလဆန်း ၁၃ ရက်နေ့တွင်ပြီးစီးခဲ့သည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၅၃ ပေ၊ ခြေတော်အချင်း ၁၁ ပေရှိပြီး စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေမှ လပြည့်ကျော် ၁ ရက်ထိ စည်ကားစွာ ကျင်းပပါသည်။