နတ်ထောင့်ကျောင်း 

Listing Description

ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း၏အရှေ့မြောက်ဘက်ရှိ တောင်ဘီရွာတွင် တည်ရှိသည်။ ကုန်းဘောင်ခေတ်နှောင်းလက်ရာ သစ်သားဘုန်းကြီးကျောင်းကြီးဖြစ်ပြီး တောင်ဘီကျောင်း၊ မြို့ထောင့်ကျောင်း၊ နတ်တောင်ကျောင်း စသည်ဖြင့် ခေါ်တွင်ကြသည်။ တိုင်လုံးပေါင်း ၁၆၀ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ဆောင်မကြီး၊ ဘုရားဆောင်၊ ပြသဒ်ဆောင်၊ စနုဆောင်၊ ဘောဂဆောင်၊ အပြင်ပတ်လည် စင်္ကြန်လျှောက်လမ်းတို့ဖြင့် တည်ဆောက်ထားသည်။ ပင်မဆောင်ကြီးမှာ (၁၃၀ x ၁၁၅) ပေကျယ်ဝန်းသည်။ ပြာဿာဒ် အဆင့်ဆင့်ကို အနုပညာမြောက် ပန်းပုပန်းဆွဲများစွာဖြင့် တန်ဆာဆင်ထားသည်။ တိုင်များနှင့် မျက်နှာကျက်များတွင်လည်း ပန်းပု ရုပ်ကြွလေးများဖြင့် အလှဆင်ထားသည်။ ယခင်ပြန်ဆောက်ထားသည့်  အုတ်လှေကားနေရာတွင် မြန်မာမှုလက်ရာ နရားခံလှေကားကို အစားထိုးထည့်သွင်းခဲ့သည်ဟု သိရသည်။