ဆုပန်ထွာ

Listing Description

ဆုပန်ထွာကို ၁၉၇၈ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် မြန်အောင်မြို့တွင် ဦးရဲမြင့်အောင်နှင့် ဒေါ်ချိုဇင်သိန်းတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်း ရဲနန္ဒသူဖြစ်ပြီး မွေးချင်းငါးယောက်တွင် တတိယမြောက်သမီးဖြစ်သည်။ အ.ထ.က (၆) အလုံမြို့နယ် တွင် ပညာသင်ကြားခဲ့သည်။ ဒဂုံတက္ကသိုလ်မှ zoology ဘွဲ့ရရှိခဲ့သည်။

၁၉၉၁ ခုနှစ်တွင် အဆိုတော်အဖြစ် အနုပညာလမ်းခရီးစတင်ခဲ့သည်။

ပြည်တွင်းဂီတပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Mild Seven သီချင်းဆိုပြိုင်ပွဲတွင် ဆုရရှိခဲ့သည်။ ထို့နောက် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် နှင့် တေးစီးရီးထုတ်ရန် အဆက်အသွယ်ရခဲ့သည်။ သို့သော် ရုပ်ရှင်လောကသို့ ကူးပြောင်းကာ မင်းသမီးတစ်ဦးဖြစ်လာခဲ့သည်။

၁၉၉၉ ခုနှစ်တွင် ဒါရိုက်တာ မောင်သီ ရိုက်ကူးသော ကျွန်တော်နှင့်ချစ်သောမိန်းကလေးများ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးသော တိမ်တွေငိုလို့မိုးဖြစ်တာ ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပွဲဦးထွက်ပါဝင်ခဲ့သည်။ ဆုပန်ထွာ ဟူ၍ ထင်ရှားလာခဲ့သော ဇာတ်ကားမှာ ဒွေးနှင့် တွဲဖက်ရိုက်ကူးခဲ့သော သင်ကချစ်၍သင့်ကိုချစ်သော ဇာတ်ကားဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ဘာအရေးကြီးဆုံးလဲ ရုပ်ရှင်ဇာတ်ကားတွင် ကျော်သူ ၊ လူ မင်း ၊ ဇာဂနာ တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူမသည် ဗီဒီယိုဇာတ်ကားပေါင်း ၇၀၀ ကျော်၊ ကြော်ငြာများစွာနှင့် သီချင်းဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် တစ်ကိုယ်တော် အယ်လ်ဘမ် “မတည့်အတူနေ” ကို ထွက်ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် “သေလောက်အောင်ချစ်တယ်” တေးစီးရီးထွက်ရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုဥက္ကာကျော်နှင့် လက်ထပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် သားဖြစ်သူ မောင် Roar Roar Kyaw ကို မွေးဖွားခဲ့သည်။

၂၀၂၀ ခုနှစ် တွင် အကယ်ဒမီ ဆုပေးပွဲအတွက် ရွှေကျို ရွေးချယ်ရေးတွင် အကဲဖြတ်ဒိုင် အဖြစ် ပါဝင် ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် Mi Seoul, Grand Esta Yangon Clinic နှင့် JW Plastic Surgery Korea တို့၏ ကုန်အမှတ်တံဆိပ် သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသည်။

Su Pan Htwar အား Mi Seoul၊ Grand Esta Yangon Clinic နှင့် JW Plastic Surgery Korea အတွက် 2017 ခုနှစ်တွင် အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသည်။