သဖန်းဆိပ်ရေလှောင်တမံ

Listing Description

သဖန်းဆိပ်ရေလှောင်တမံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်အတွင်း မူးမြစ်ကိုပိတ်၍ တည်ဆောက်ထားသော ဆည်ကြီးဖြစ်ပါသည်။ အဆိုပါ ရေလှောင်တမံကြီးကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ သဖန်းဆိပ်ရေလှောင်တမံသည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး မြေသားတမံဟု ဆိုနိုင်ပါသည်။ သဖန်းဆိပ် ရေလှောင်တမံသည် ရေဆင်းဧရိယာ ၃၄၆၀ စတုရန်းမိုင်၊ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၃၇ ဒဿမ ၉၁ လက်မ၊ နှစ်စဉ် ပျမ်းမျှစီးဝင်ရေ ၃၅၃၄၀၀၀ ဧကပေ၊ တမံအမြင့် ၁၀၈ ပေ၊ တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ၂၇၉၄၂၄၀ ဧကပေ၊ ကန်ရေသေ ရေလှောင်ပမာဏ ၁၄၁၃၆၀ ဧကပေ၊ ကန်ရေပြည်ရေပြင်ကျယ် ဧရိယာ ၁၀၆၂၀၀ ဧက၊ ကန်ရေပြည့်မှတ် ၅၄၅ ဒသမ ၀၀ ပေ ဖြစ်ပါသည်