နမ့်ခမ်းရေတံခွန်

Listing Description

နမ့်ခမ်းရေတံခွန်သည် ကချင်ပြည်နယ် မချမ်းဘော့မြို့နယ် နမ့်ခမ်းကျေးရွာတွင် တည်ရှိသည့် အဆင့် ၇ ဆင့်ရှိသော ရေတံခွန်ဖြစ်ပါသည်။ နမ့်ခမ်းကျေးရွာသည် သစ်သီးဝလံများပေါများပြီး ရဝမ်လူမျိုးများ နေထိုင်လျက်ရှိသော ကျေးရွာဖြစ်ပါသည်။ နမ့် ဆိုသည်မှာ ရေ၊ ခမ်းဆိုသည်မှာ ရွှေ ဖြစ်ပြီး နမ့်ခမ်းဆိုသည်မှာ ခန္တီးရှမ်းအခေါ်ဖြစ်ကာ ရွှေထွက်သည့်ချောင်းဟု အဓိပ္ပာယ်ရပါသည်။ နမ့်ခမ်းချောင်းမှ ဖြစ်ပေါ်လာသော ရေတံခွန်ဖြစ်သဖြင့် နမ့်ခမ်းရေတံခွန်ဟုခေါ်ကြပါသည်။ ရေခဲတောင်များမှ စီးဆင်းလာသော ချောင်းဖြစ်သဖြင့် ရေတံခွန်ရှိရေများမှာ သာမန်ထက်ပို၍ အေးစက်နေပါသည်။ ထို့ပြင် နမ့်ခမ်းကျေးရွာအား တည်ထောင်ခဲ့သူ ရဝမ်အမျိုးသားခေါင်းဆောင် ဦးဖုန်ဇီးဖုန်၏ သမိုင်းကျောက်တိုင်ကိုလည်း ဝင်ရောက်လေ့လာနိုင်ပါသည်။