နတ်ကျွန်း

Listing Description

နတ်ကျွန်းသို့ ကချင်ပြည်နယ် မချမ်းဘေ့ာမြို့ နောင်ခိုင်ရွာမှတစ်ဆင့် မလိခမြစ်အတိုင်း စက်လှေဖြင့် မိနစ် ၂၀ ခန့် စုန်ဆင်းသွားရောက်နိုင်ပါသည်။ မလိခမြစ်လယ်တွင်တည်ရှိသော နတ်ကျွန်းတွင်  ကျောက်တုံးကြီးပေါ်၌ တည်ထားသော စေတီတော်တစ်ဆူ တည်ရှိပါသည်။ ၂၀၁၄ ခုနှစ်တွင် မချမ်းဘောမြို့ နောင်ခိုင်ကျေးရွာ နောင်ခိုင်ဆရာတော် ဦးဆောင်ကာ စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ထားပြီး စေတီတော်ကို စူဠာမဏိဖားကိုပ်လောင်းစေတီတော် (ခေါ်) နတ်ကျွန်းစေတီတော်ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ နတ်တို့ ဖန်ဆင်းထားသည်ဟု ပါးစပ်ရာဇဝင်အဆိုရှိကြသော မလိခမြစ်ထဲရှိ နတ်ကျွန်းသည် ရေခဲမြစ် Glacier များ မြေပြန့်လွင်ပြင်ထဲသို့ ဖြတ်စီးဆင်းရာမှ အောက်ခြေ ချော်ကျောက်တုံးများ၊ မီးသင့်ကျောက်များ တိုက်စားပို့ချပြီး မြစ်ကြောင်းအဝကျယ် ရေငြိမ်သည့်နေရာတွင် ပုံစံဆန်းပြားသော ကျောက်တုံးများ စုပြုရာမှ ဖြစ်ပေါ်လာသော သဘာဝကျွန်းတစ်ခုဖြစ်ပါသည်။ နတ်ကျွန်းသည် နတ်များ ဖန်ဆင်းထားသည့်အလား ကျောက်တုံးကျောက်ဆောင်များမှာ ထူးခြားဆန်းပြားလျက်ရှိသည့် သာယာလှပသည့် ကျွန်းဖြစ်ပါသည်။