ကျောက်နဂါး

Listing Description

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့ မလိခမြစ်နံဘေးတွင် သဘာဝအတိုင်း ထူးဆန်းစွာကျောက်သားအဖြစ် တည်ရှိနေသည့် ကျောက်နဂါးရုပ်တုကြီး ဖြစ်ပါသည်။ ထိုကျောက်နဂါးကြီးအနီးတွင် အောင်တော်မူစေတီတစ်ဆူတည်ရှိပါသည်။ ပါးစပ်ရာဇဝင်များအရ နဂါးကြီးမှ ကျောက်ဖြစ်သွားသည်ဟု ဆိုကြပါသည်။ ရှေးယခင်က မြေကြီးထဲ ဦးခေါင်းမြုပ်နေကာ ကိုယ်ပိုင်းသာမြင်တွေ့ရပြီး သဘာဝအတိုင်းရှိနေခဲ့သည့် ကျောက်နဂါးသည် ယခုအချိန်တွင် ပန်းရံဆရာများအသစ်တပ်ထားသော ဦးခေါင်းနှင့်အတူ ကိုယ်ထည်တွင်လည် ကျောရိုးသဖွယ် ပြုလုပ်ထားပြီး ပြန်လည်ပြုပြင်ထားပါသည်။