ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်-မတူပီ လမ်းပေါ်မှ လည်မျိုတံတားဖွင့်လှစ်

Listing Description

ရန်ကုန် နိုဝင်ဘာ ၂၆

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ နယ် မင်းတပ်-မတူပီလမ်းပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန တံတားစီမံကိန်းအထူး အဖွဲ့(၁)က လည်မျိုတံတားကို တာဝန်ယူတည်ဆောက်ဖွင့်လှစ်ပေးခဲ့ ရာ အဆိုပါတံတားမှာ ချင်းပြည်နယ် တောင်ပိုင်းအတွင်း အထူးအရေးပါ လျက်ရှိသည်။

လည်မျိုတံတားမှာ အလျားပေ ၂၄၀ ရှိပြီး သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ကာ တံတားခံနိုင်ဝန် မှာ Asshto Hs-25-44 Loard Class ဖြစ်သည်။

အဆိုပါ လည်မျိုတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန တံတားစီမံကိန်းအဖွဲ့ (၁) က ၁-၁၀-၂၀၁၈ ရက်မှ စတင် တည်ဆောက်ခဲ့ပြီး ၃၀-၄-၂၀၂၀ ရက် တွင် ဖွင့်လှစ်ခဲ့သည်။ စီမံကိန်း တန်ဖိုးမှာ ငွေကျပ် ၉၉၇ သန်း ဖြစ်ကြောင်း သိရသည်။

လည်မျိုတံတားသည် မင်းတပ်-မတူပီလမ်းပေါ်တွင် တည်ရှိသော ကြောင့် ချင်းပြည်နယ်တောင်ပိုင်း အတွက် အထူးအရေးပါသော တံတားတစ်စင်းဖြစ်ကြောင်း သိရ သည်။

ခရမ်းစိုးမြင့်