အမ်းစေတီတော်

Listing Description

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မတူပီ (၁၆)မိုင်စခန်း၊ ဟီးလောင်းတောင်ပေါ်တွင် တည်ရှိပါသည်။ အလောင်းစည်သူမင်းကြီးက တိုင်းခန်းလှည့်လည်စဉ် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ဒေသခံများက မိုးကောင်းဘုရားဟုလည်း ခေါ်တွင်ကြပါသည်။ ၁၉၉၀ ခုနှစ်တွင် မူလစေတီတော်ကိုငုံ၍ အသစ်ပြန်လည်တည်ထားခဲ့ပြီး ၂၀၁၆ ခုနှစ် မေလ ၃ ရက်နေ့တွင် မင်းတပ်မြို့နယ် ရှစ်ကျေးရွာ သာသနာပြုဆရာတော် ဦးဓမ္မိက(သဒ္ဓမ္မဇောတိကဓဇ) ကမ္မကထပြု၍ "မြတ်နိုးသူ" ကုမ္ပဏီဝန်ထမ်းမိသားစုမှ စေတီတော်အား ပြန်လည်ပြုပြင် ရွှေထီးတော်တင်လှူ ပူဇော်ခဲ့ကြပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၃၇ ပေရှိပါသည်။