လာဘသိဒ္ဓိစေတီတော်နှင့် နှီးဘုရားကြီး

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၏ အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာ၊ ပန်လင်းဆိုင်ဒေသ(မတ်ကျန်းဒေသ)၊ နမ့်စန်- မိုင်စိတ် ကားလမ်းမကြီးအနီး တည်ရှိပါသည်။ စေတီတော်သည် ဗုဒ္ဓဂယာ ပုံစံတူ လာဘသိဒ္ဓိစေတီတော် (ဘုရားဖြူ) လေးမျက်နှာ၊ လေးမုခ်ဝင်ဖြစ်ပြီး မုခ်ကြီး တစ်ပေါက်စီတွင် အစိမ်းရောင် နဂါးကြီး နှစ်ကောင် မုခ်ပေါက်စောင့်အဖြစ် ထားရှိကာ မုခ်လေး ပေါက်တွင် နဂါးကြီးရှစ်ကောင်ရုပ်တုများကို စီမံထုလုပ်ထားသည်။ စေတီတော်အနီး ဓမ္မာရုံအတွင်း ၂၀၀၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စေတီတော်ကြီးတည်ထားကိုးကွယ်မှု မှတ်တမ်းများကို တွေ့မြင်နိုင်သည်။ စေတီတော်ကြီးအနီးတွင် ကမ္ဘာ့အကြီးဆုံး ဇိနရဋ္ဌတေဇမုနိ နှီးဘုရားကြီးကို ဆရာတော် ဦးဝိမလပုထိက ဦးဆောင်မှုဖြင့် ၂၀၁၉ မတ်လ ၂၀ ရက်တွင် စတင်ရက်လုပ်ပူဇော်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ပြုလုပ်ပြီးစီးခဲ့ပါသည်။ နှီးဘုရားကြီးသည် ဉာဏ်တော်အမြင့် အောက်ခြေပလ္လင်တော်မှ အထက်ဆံတော်အထိ ၆၃ ပေ၊ ဆံတော် ကိုးပေ၊ မျက်နှာတော် ကိုးပေ၊ နား ရွက်တော် ကိုးပေ၊ လက်ဖဝါးတော် ကိုးပေ၊ ခြေဖဝါးတော် ကိုးပေ၊ နှာခေါင်းတော်၊ မျက်လုံးတော်နှင့် ပါးစပ်တော်တို့မှာ သုံးပေ၊ ဒူးအလျားအကျယ် ၃၆ ပေ ရှိပြီး သဘာဝ၀ါးဖြင့် ရက်လုပ်ပူဇော်၍ သစ်စေးကိုင်ထားခြင်းဖြစ်သည်။ ယင်းနှီးဘုရားကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှီးဘုရားကြီး ဖြစ်ပြီး ဒုတိယအကြီးဆုံးမှာ အိန္ဒိယတွင် တည်ရှိကြောင်း သိရသည်။