မတ်စ်မီးယားရေရှုအာဂျူးဘုရားကျောင်း (Musmeah Yeshua Synagogue)

Listing Description

မတ်စ်မီးယားရေရှုအာဂျူးဘုရားကျောင်း (Musmeah Yeshua Synagogue)သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဂျူးဘုရားကျောင်းဖြစ်ပြီး ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ ၂၆လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြားတွင် တည်ရှိသည်။ ဘုရားကျောင်း ကို ၁၈၉၃-၉၆ ခုနှစ်တွင် ရန်ကုန်မြို့၌ တည်ဆောက်ခဲ့ပြီး ၁၈၅၄ ခုနှစ်က တည်ဆောက်ခဲ့သည့် သစ်သားအဆောက်အအုံနေရာတွင် အစားထိုးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လူဦးရေ ၂၅၀၀ ခန့်ရှိခဲ့သော ဂျူးလူမျိုးအသိုက်အဝန်းသည် ကိုလိုနီခေတ်စီးပွားရေးလောကတွင် အများလေးစားရာ ဖြစ်သကဲ့သို့ ထိုခေတ် လူအဖွဲ့အစည်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ဂျူးလူမျိုးဦးရေ အနည်းငယ်သာကျန်ရှိတော့သည်။ ဤဂျူးဘုရားကျောင်းသည် ကမ္ဘာပေါ်တွင် တိုရာကျမ်းပေါင်း ၁၂၆စုံ အထိရှိခဲ့ဖူးသည့် တစ်ခုတည်းသော ဘုရားကျောင်းဖြစ်ခဲ့သော်လည်း ဂျူးမိသားစုများ မြန်မာနိုင်ငံမှ စွန့်ခွာရာတွင် ၎င်းတို့၏ကျမ်းများကိုပါ ယူဆောင်သွားကြရာ လက်ရှိတွင် တိုရာကျမ်းစာ ၂ စုံသာ ကျန်ရှိသည်။ ထိုကျမ်းစာများသည် မူလက ဘဂ္ဂဒက်မြို့မှ ဖြစ်ပြီး နှစ်တစ်ရာကျော် သက်တမ်းရှိပြီဖြစ်သည်။ ဤဂျူးဘုရားကျောင်း၊ ဂျူးသင်္ချိုင်းနှင့် ကျန်ရှိသေးသော ဂျူးလူမျိုးအသိုက်အမြုံကို ဂျူးမိသားစုများမှ တစ်ခုဖြစ်သည့် ဆမ်မြုရယ်မိသားစုမှ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှလည်း ၂၀၁၆ ခုနှစ် ဇွန်လ ၅ ရက်နေ့၌ မတ်စ်မီးယားရေရှုအာ ဂျူးဘုရားကျောင်း (Musmeah Yeshua Synagogue)တွင် ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခဲ့သည်။