အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)

Listing Description

အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာတွင် တည်ရှိကာ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်တွင် စတင်လည်ပတ်ခဲ့ပြီး အဖျောက်နှင့်ညောင်တုန်း သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကိုအသုံးပြုကာ တစ်နေ့လျှင် ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ၃၅၀ မှ ၄၀ဝ ခန့် ထုတ်လုပ်၍ တင်ဒါစနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ယခုအခါ အဆိုပါ စက်ရုံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော ယူရီးယားဓာတ်မြေသြဇာများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။