ဖူးကြီးပိုက်လိုင်းအခြေစိုက်စခန်း

Listing Description

ဖူးကြီးပိုက်လိုင်းအခြေစိုက်စခန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာအနီးတွင် တည်ရှိပြီး ယခင်က မင်းဘူးမြို့နယ်ရှိ မန်းရေနံမြေနှင့် ထောက်ရှာပင် ရေနံမြေများမှထွက်ရှိသော ရေနံစိမ်းများကို သန်လျင်ရေနံချက်စက်ရုံသို့ ပိုက်လိုင်းဖြင့် ပို့လွှတ်ရာတွင် ကြားစခန်းအဖြစ် ဆောင်ရွက်ခြင်းနှင့် ပိုက်လိုင်းများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် အောက်မြန်မာပြည် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အဓိက ဆောင်ရွက်နေသည့် အခြေစိုက်စခန်းဖြစ်သည်။

အဆိုပါ အခြေစိုက်စခန်း၏ ကြီးကြပ်မှုအောက်တွင် ရွှေပြည်သာစခန်း(ရန်ကုန်)၊ ဒေးဒရဲစခန်း၊ သနပ္ပင်စခန်း၊ မော်လမြိုင်စခန်း၊ သံဖြူဇရပ်စခန်းနှင့် ရေးစခန်းများရှိပြီး လက်မ ၂၀ ကံပေါက်-မြိုင်ကလေး-ရန်ကုန်ပိုက်လိုင်း ၃၃၁ မိုင်နှင့် ၂၄ လက်မ ဒေါ်ငြိမ်း-ရွာမ ပိုက်လိုင်း ၈၆ မိုင်အပါအဝင် စုစုပေါင်း ၉၈၁ မိုင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။