အင်းခရုဆုတောင်းပြည့်စေတီ

Listing Description

မန္တလေးမြို့. ပြည်ကြီးတံခွန်မြို့နယ်၊ စံပြသင်ပန်းကုန်းရပ်၊ မင်းကြီးရန်နောင်လမ်း နှင့် လမ်း၆၀ ထောင့်၊ ပရံတော်ချောင်းတောင်ဘက်တွင် တည်ရှိသည်။ အလောင်စည်သူမင်း တည်ထားခဲ့သည်ဟုဆိုသည်။ စေတီတော်သမိုင်းအရ အလောင်းစည်သူမင်းကြီး နှင့် သားတော်မင်းရှင်စောတို့သည် ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်လာစဉ် ထိုနေရာအရောက်၌ ကြီးမားသော ခရုကြီးတစ်ကောင်က ဖောင်တော်ကိုတွယ်ကပ်နေ၍ ဖောင်တော်ထွက်ခွာမရဘဲ ဖြစ်နေသဖြင့် စေတီတည်ရန် အဓိဌာန်ပြုသောအခါမှ ခရုကြီးသည် ဖောင်တော်ကိုတွယ်ကပ်နေရာမှခွာပြီး ဇောင်းကလောကန် အတွင်းသို့ ဆင်းသွားသည်ဟု အဆိုရှိသည်။ စေတီမှာ ကုလားကျောင်းခံ ပစ္စယာပေါ်၌ ကွမ်းထောင်စေတီပေါက်ထားသော ပုဂံခေတ် ဗိသုကာလက်ရာဟန် ဖြစ်သည်။ မိမိတောင်းလိုရာ ဆုများပြည့်ဝသည့် ဆုတောင်းပြည့်ဘုရားတစ်ဆူအဖြစ် ထင်ရှားသည်။ ဆုတောင်းပြည့်ဘုရား အနောက်ဘက်၌ ဖောင်းရစ်အောက် ခရုပုံဖြင့်တည်ထားသော အင်းခရုစေတီငယ်နှင့် စေတီများတည်ရှိသည်။